WordPress Free Blog တစ်ခု တည်ဆောက်နည်း


WordPress Free Blog တစ်ခု တည်ဆောက်နည်း

WordPress ဆိုတာဘာလဲ …?

WordPress ဆိုတာ Bloging Tool လို့ ဆိုပါတယ်။ Blog တည်ဆောက်တဲ့ အရာတစ်ခုလို့ ဆိုနိုင်ပါတယ်။ WordPress နဲ့ တည်ဆောက်ထားတဲ့ Blog ပေါင်းဟာလည်း ကမ္ဘာပေါ်မှာ အများအပြားပါပဲ။ WordPress မှာ http://wordpress.org နဲ့ http://wordpress.com ဆိုတဲ့ ဆိုက်နှစ်ခုရှိပါတယ်။

WordPress.Org မှာ WordPress ရဲ့ နောက်ဆုံးထွက် Version ကို Free Download ယူလို့ ရနိုင်သလို Theme တွေ၊ Plugin တွေကိုလည်း ရယူနိုင်ပါတယ်။ WordPress.Com မှာတော့ WordPress နဲ့ Free ရော၊ ပိုက်ဆံပေးပြီးရော Blog တစ်ခု တည်ဆောက်လို့ ရနိုင်ပါတယ်။

ကျနော် ပြောသွားမယ့် အကြောင်းအရာတွေက WordPress.Com မှာ Free Blog တစ်ခု တည်ဆောက်သွားခြင်း ဖြစ်ပြီး Free Blog ကို အသုံးပြုပုံတွေပဲ ဖြစ်ပါတယ်။ ပထမဆုံး အနေနဲ့ Free Blog တစ်ခု ရယူဖို့အတွက် http://wordpress.com ကို သွားလိုက်ပါ။

ဒါကတော့ WordPress.Com ပဲ ဖြစ်ပါတယ်

WordPress.Com ကို ရောက်သွားရင် Get started here ဆိုတဲ့ ဝါကျင့်ကျင့် button ကြီးကို တွေ့ပါလိမ့်မယ်။ WordPress.Com မှာ Free Blog တစ်ခု ဖန်တီးဖို့အတွက် ဆိုရင် အဲဒီ ဝါကျင့်ကျင့် button ကြီးကို အရင်ဆုံး နှိပ်ရပါမယ်။

Free Blog တစ်ခု တည်ဆောက်ဖို့အတွက် ဒါလေးကို အရင်နှိပ်ပါ

***Updated Image***

Get started ဆိုတဲ့ button ကို နှိပ်လိုက်ရင် Form ဖြည့်ရတဲ့ နေရာကို ရောက်သွားပါမယ်။ Form ဖြည့်ရမယ့် နေရာရောက်ရင် အောက်က အတိုင်း ဖြည့်ပေးရပါမယ်။

Blog Address – ဒီနေရာတော့ ကိုယ်ပေးချင်တဲ့ address ကို ရေးပေးရပါမယ်။ ဥပမာ အနေနဲ့ ကျနော်က domyanmar.wordpress.com ကို လိုချင်တယ် ဆိုပါစို့။ ဒါဆို ကွက်လပ် box ထဲမှာ domyanmar လို့ ရိုက်ထည့်ပေးရပါတယ်။ အကယ်၍ ကိုယ်လိုချင်တဲ့ နာမည်က ရှိပြီးသားဆိုရင် ရမှာ မဟုတ်ပါဘူး။ နောက်ပြီး wordpress.com ရဲ့ဘေးနားမှာ အပြာရောင် အောက်မြှားပုံစံလေးကို တွေ့ရပါလိမ့်မယ်။ ဒီမြှားလေးကတော့ Free မဟုတ်ဘဲ ကိုယ်ပိုင် domain name (blog address) လိုချင်သူများအနေနဲ့ WordPress မှာ ဝယ်လို့ ရနိုင်တဲ့ အမှတ်အသားလို့ ဆိုနိုင်ပါတယ်။ မြှားလေးကို နှိပ်လိုက်ရင် (.com, .org) စတဲ့ domain (address) တွေကို ရွေးချယ် ဝယ်ယူနိုင်ပါတယ်။ wordpress.com ကတော့ Free ဖြစ်ပါတယ်။

Username – Username ကို ရေးဖို့အတွက် box ထဲမှာ ကလစ်နှိပ်လိုက်တယ် ဆိုရင်ပဲ အပေါ်က Blog Address ထဲမှာ ပေးခဲ့တဲ့ နာမည်က auto ပေါ်လာပါတယ်။ အဲဒီ အတိုင်းပဲ ထားခဲ့လိုက်ပါ။ တနည်းအားဖြင့် Blog Address မှာ ပေးခဲ့တဲ့ နာမည်နဲ့ Username နဲ့ဟာ အတူတူပဲ ဖြစ်ရမှာပဲ ဖြစ်ပါတယ်။ အကယ်၍ မတူခဲ့ရင် error (အမှား) ဖြစ်နိုင်ပါလိမ့်မယ်။ ဒီ Username က Blog တည်ဆောက်ပြီးလို့ Login ဝင်တဲ့အခါမှာ သုံးရမယ့် နာမည်ပဲ ဖြစ်ပါတယ်။

Password – ကိုယ်ပေးချင်တဲ့ လျှို့ဝှက်အမည် (password) ကို ပေးလိုက်ပါ။

Comfirm – Password မှာ ပေးထားခဲ့တဲ့ အတိုင်းပဲ ထပ်ပြီး ရိုက်ထည့်ပေးရမှာပဲ ဖြစ်ပါတယ်။ သေချာအောင် အပေါ်က password ကို ထပ်ရိုက်ခိုင်းတဲ့ သဘောပါပဲ။

E-mail Address – ဒီနေရာမှာတော့ ကိုယ်သုံးနေတဲ့ E-mail ကို ဖြည့်ပေးရမှာပဲ ဖြစ်ပါတယ်။ အများစုအနေနဲ့ E-mail ထဲမှာ Gmail ကိုပဲ အသုံးများကြပါတယ်။ ကိုယ့်ရဲ့ Gmail account ကို ဒီနေရာမှာ ဖြည့်ပေးရမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လို့လည်း အပြည့်အစုံ ဖြည့်ပေးရပါမယ်။ ဥပမာအားဖြင့် ကျနော့်ရဲ့ Gmail account နာမည်က doinmyanmar ဖြစ်ပါတယ်။ ဒါဆိုရင် doinmyanmar@gmail.com ဆိုပြီး ဖြည့်ပေးရပါမယ်။ ဆိုလိုတာကတော့ Gmail Account နာမည်ရဲ့ နောက်မှာ (@gmail.com) ဆိုတာကို ထည့်ပေးရမှာပဲ ဖြစ်ပါတယ်။

Form ဖြည့်ရမယ့် ပုံစံပဲ ဖြစ်ပါတယ်

E-mail Address box ရဲ့ အောက်မှာ လေးထောင့်ပုံစံလေးကို တွေ့နိုင်ပါတယ်။ ဒါလေးကို အမှန်ခြစ် ပေးလိုက်ရင် WordPress က သူ့ရဲ့ သတင်းတွေ၊ theme တွေ အကြောင်းကို ကိုယ့်ရဲ့ အီးမေးလ်ထဲ ပို့ပေးပါလိမ့်မယ်။ အမှန် မခြစ်ဘဲ ထားခဲ့လို့လည်း ရပါတယ်။

What language will you be blogging in? – ဒီနေရာမှာတော့ ပုံမှန်အားဖြင့် (default အနေနဲ့) en – English ဆိုပြီး တွေ့ရပါလိမ့်မယ်။ ကိုယ့်ဘလော့ဂ်အတွက် ဘာသာစကားကို ရွေးပေးရတဲ့ နေရာပါ။ အချို့ ဂျာမနီ၊ ပြင်သစ် စတဲ့ ဘာသာတွေနဲ့ ဘလော့ဂ် ရေးသားချင်သူတွေအတွက် ဖြစ်ပါတယ်။ ကျနော်တို့ မြန်မာအတွက်တော့ မလိုအပ်ပါဘူး။ ဒီအတိုင်း ဘာမှ မလုပ်ဘဲ ထားခဲ့ပါ။

ဒါဆိုရင် ကျနော်တို့ Form ဖြည့်တာ ကုန်သွားပါပြီ။ အောက်ဆုံးနားမှာ ဝါကျင့်ကျင့် button လေး နှစ်ခုကို တွေ့ပါလိမ့်မယ်။ ကျနော်တို့က Free Blog တည်ဆောက်မှာ ဖြစ်တဲ့အတွက် Create Blog ‘n ဆိုတဲ့ button ကို နှိပ်လိုက်ပါ။

မှတ်ချက် ။ ။ Form ဖြည့်ခဲ့တဲ့ နေရာမှာ မှန်တယ်ဆိုရင် အစိမ်းရောင် အမှန်ခြစ်လေးနဲ့ ပြပေးပါတယ်။ အနီရောင် အမှားခြစ်နဲ့ ပြထားရင်တော့ ကိုယ်ဖြည့်ထားတာ မမှန်သေးပါဘူး။ Password ရဲ့ ဘေးမှာတော့ ကိုယ်ပေးထားတဲ့ password က ဘယ်လောက် ခိုင်မာတယ်၊ ပျော့ညံ့တယ် ဆိုတာကို ဖော်ပြပေးပါတယ်။ ကိုယ့် password ကို အလွယ်တကူ မသိနိုင်အောင် အကြီးစာလုံးတွေ၊ ဂဏန်းတွေနဲ့ ရောပေးတာက ပိုကောင်းပါတယ်။

ကျနော်တို့ အနေနဲ့ မှန်မှန်ကန်ကန် From ဖြည့်ပြီး Create Blog ‘n ဆိုတဲ့ button ကို နှိပ်လိုက်လို့ရှိရင် Check Your E-mail to Complete Registration ဆိုတဲ့ နေရာကို ရောက်လာပါလိမ့်မယ်။ ဒီနေရာကို ရောက်ပြီဆိုရင် ကိုယ့်ရဲ့ E-mail ကို ဖွင့်ပြီး WordPress က ပို့လိုက်တဲ့ E-mail ကို စစ်ရပါမယ်။

Form အကုန်ဖြည့်ပြီးသွားရင် ဒါလေးကို နှိပ်လိုက်ပါ

အကယ်၍ WordPress က ပို့တဲ့ အီးမေးလ် မရောက်သေးဘူးဆိုရင် ကိုယ့်ရဲ့ Email page ကို keyboard ထဲက F5 ကို နှိပ်ပြီး refresh လုပ်ကြည့်ပါ။ WordPress Email ကို ဖွင့်လိုက်ရင် အဲဒီထဲမှာ Activate Blog ဆိုတဲ့ အပြာရောင် button ကို တွေ့ပါလိမ့်မယ်။ နှိပ်လိုက်ပါ။ ဒါဆိုရင် Browser ရဲ့ tab အသစ်မှာ Link က ပွင့်လာပါလိမ့်မယ်။

WordPress က ပို့လိုက်တဲ့ အီးမေးလ်ထဲက Activate Blog Button

***Updated Image***

***Updated Image***

***Updated Image***

Redirecting you to … စတဲ့ စာတန်းနဲ့ အဖြူရောင် page ကို တွေ့ရရင် ခဏစောင့်လိုက်ပါ။ ကွန်နက်ရှင် နှေးနေရင် အဲဒီလို စာတန်း အရင် ပေါ်ပါတယ်။ စာတန်း ပေါ်လို့ ခဏနေရင်တော့ ကိုယ့်ရဲ့ Free Blog ပုံစံကို ရွေးရမယ့်နေရာကို တွေ့ရပါလိမ့်မယ်။

Connection နှေးနေတဲ့အခါ ဒီလိုမျိုး အရင်ဆုံး ပေါ်တတ်ပါတယ်

Choose a starter theme for – ဒီနေရာကို ရောက်လာရင် ကိုယ့် Blog အတွက် Theme (Blog ပုံစံ) ကို ရွေးနိုင်ပါတယ်။ မရွေးဘဲ ထားခဲ့မယ်ဆိုရင်လည်း ရပါတယ်။ မရွေးဘူးဆိုရင်တော့ WordPress က သူ့ရဲ့ default theme ကို ပေးထားပါလိမ့်မယ်။ ရွေးမယ်ဆိုရင်တော့ ကိုယ်ကြိုက်တဲ့ ပုံစံလေးကို Click လေးသာ နှိပ်လိုက်ပါ။

Blog ပုံစံကို ရွေးတဲ့အခါ

Theme ရွေးတဲ့အခါမှာ တစ်ခုရှိတာကတော့ Theme နမူနာပုံစံလေးရဲ့ ညာဘက် အောက်နားမှာ အစိမ်းရောင်နဲ့ ဒေါ်လာပုံစံလေး ပါတယ်ဆိုရင် အဲဒီ Theme တွေက ပိုက်ဆံပေးပြီး ဝယ်ရတဲ့ Theme တွေ ဖြစ်တဲ့အတွက် မရွေးပါနဲ့။ ကျနော်တို့က Free တည်ဆောက်မှာ ဖြစ်တဲ့အတွက် အစိမ်းရောင် ပုံစံလေးတွေ မပါတာကိုပဲ ရွေးလို့ ရနိုင်ပါတယ်။

ပထမ စာမျက်နှာမှာ ပေးထားတဲ့ ပုံစံတွေကို မကြိုက်ရင် ဘယ်ဘက် အောက်နားမှာ Show More Themes ဆိုတာလေးကို နှိပ်ပြီး ထပ်ကြည့်လို့ နိုင်ပါတယ်။ အကယ်၍ မရွေးဘဲနဲ့ ပုံမှန် ဘလော့ဂ်ပုံစံကိုပဲ ထားမယ်ဆိုရင် ညာဘက် အောက်နားက No Thanks : စတဲ့ နေရာကို ကလစ်နှိပ်လိုက်ပါ။

ဒါလေးတွေကလည်း ဒီလိုပါ

ကိုယ်ကြိုက်တဲ့ ပုံစံကို ရွေးမယ်ဆိုရင် ရွေးမယ့် ပုံစံလေးကို Click တစ်ချက် နှိပ်လိုက်ပါ။ ဒါဆို အဲဒီ ပုံစံနဲ့အတူ သူ့ရဲ့ ရှင်းလင်းချက်တွေရှိတဲ့ နေရာကို ရောက်သွားပါလိမ့်မယ်။ အဲဒီနေရာကို ရောက်ရင် ဘလော့ဂ်ပုံစံကို အတည်ပြုဖို့အတွက် ဘယ်ဘက် အပေါ်နားက Choose This Theme ဆိုတဲ့ button ကို နှိပ်ပါ။ ကိုယ်က မရွေးချင်ဘူး စောစောက နေရာကိုပဲ ပြန်သွားချင်တယ်ဆိုရင် အပေါ်ညာဘက်နားက အပြာရောင် စာတန်းလေးကို နှိပ်လိုက်ပါ။

ရွေးမယ်ဆို ဒါလေးကို နှိပ်လိုက်ပါ

ကျနော်တို့က ကိုယ်ကြိုက်တဲ့ ဘလော့ဂ်ပုံစံ (theme) ကို ရွေးပြီးသွားရင်၊ ဒါမှမဟုတ် မရွေးဘဲနဲ့ ကျော်လိုက်ရင် Welcome to WordPress.com! ဆိုတဲ့ အပြာရောင် စာတန်းကြီးနဲ့ မြှားလေးတွေ ပြထားတဲ့ နေရာကို ရောက်သွားပါလိမ့်မယ်။ ဒါဆိုရင် ကျနော်တို့ အနေနဲ့ WordPress နဲ့ Free Blog တစ်ခုကို အောင်မြင်စွာ တည်ဆောက် ပြီးသွားပြီလို့ ဆိုနိုင်ပါတယ်။

ဒီနေရာကို ရောက်သွားရင် Free Blog တစ်ခုကို အောင်မြင်စွာ တည်ဆောက်ပြီးပြီလို့ ဆိုနိုင်ပါတယ်

Internet Browser (Internet Explorer, Firefox, Chrome စသည်ဖြင့်) တစ်ခုခုကို ဖွင့်ပြီး ကိုယ်ပေးထားခဲ့တဲ့ Free Blog ရဲ့ Address (နမူနာ – http://domyamar.wordpress.com) ကို ရိုက်ထည့်ပြီး ဖွင့်ကြည့်လိုက်ပါ။ ဒါဆို ကျနော်တို့ တည်ဆောက်ခဲ့တဲ့ WordPress Free Blog ကို ရောက်သွားပါလိမ့်မယ်။

***ယခု ပို့စ်အား ပြောင်းလဲလိုက်သော wordpress.com ၏ အဆင့် အချို့အား ပုံများ ထည့်သွင်းကာ update လုပ်ထားပါသည်။***

Do@domyanmar.wordpress.com

One thought on “WordPress Free Blog တစ်ခု တည်ဆောက်နည်း

  1. ကျေးဇူးပါ ကျနော်လည်းဆြာတို့လို ဖြစ်ချင်ပါတယ်
    ကြိးစားကြည့်အုံးမယ်

Comment Here

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s