WordPress တွင် Post တင်နည်း


WordPress တွင် Post တင်နည်း

Dashboard

“Wordpress Free Blog တည်ဆောက်နည်း” ပို့စ်မှာ Free Blog တစ်ခု အောင်မြင်စွာ တည်ဆောက်ပြီးတဲ့အထိ ပြောခဲ့ပါတယ်။ အခုပို့စ်မှာတော့ Post ဘယ်လိုတင်ရမယ် ဆိုတာတွေကို ပြောပေးသွားပါတယ်။

ကျနော်တို့ တည်ဆောက်ခဲ့တဲ့ Blog Address (ဥပမာ – https://domyanmar.wordpress.com/) ကို ဖွင့်လိုက်ရင် Blog ကို ရောက်သွားပါလိမ့်မယ်။ ဒါက ကိုယ့်ရဲ့ ဘလော့ဂ် စာမျက်နှာကို ကြည့်တာပါ။ ကျနော်တို့က ပို့စ်အသစ်တင်မယ်၊ Category အသစ် ဆောက်မယ်ဆိုပါစို့။ ဒါဆို Dashboard လို့ ခေါ်တဲ့ WordPress ရဲ့ Admin ကို သွားရပါမယ်။

အဲဒီလို သွားဖို့အတွက် ပထမဆုံး Browser ရဲ့ address bar မှာ ကိုယ့်ဘလော့ဂ် address နောက်က /wp-admin ဆိုတာကို ထပ်ရိုက်ပြီး Enter ခေါက်လိုက်ပါ။ (ဥပမာ – https://domyanmar.wordpress.com/wp-admin) ။ ဒါဆို Login ဝင်ရမယ့် နေရာကို ရောက်သွားပါလိမ့်မယ်။ အဲဒီမှာ Username – Form ဖြည့်ခဲ့စဉ်က ပေးထားခဲ့တဲ့ username ကို ရိုက်ပါ။ Password – Form ဖြည့်ခဲ့စဉ်က ပေးထားခဲ့တဲ့ Password ကို ရိုက်ထည့်ပါ။ ပြီးရင် Login ကို နှိပ်လိုက်ပါ။

Username ရော Password ပါ မှန်ပြီဆိုရင် WordPress ရဲ့ Dashboard ကို ရောက်သွားပါလိမ့်မယ်။

Login ဝင်ရမယ့် နေရာပဲ ဖြစ်ပါတယ်

Post အသစ်တင်နည်း

Dashboard ရဲ့ ဘယ်ဘက်အခြမ်းမှာ Posts ဆိုတာကို တွေ့ရပါလိမ့်မယ်။ အဲဒီ Posts ပေါ်ကို မြှားလေး တင်လိုက်တယ်ဆိုရင်ပဲ ညာဖက်အခြမ်းမှာ All Posts, Add New, Catagories, Tags ဆိုတာတွေကို ပြပေးပါလိမ့်မယ်။ ကျနော်တို့က ပို့စ်အသစ် တင်မှာ ဖြစ်တဲ့အတွက် အဲဒီထဲကမှ Add New ကို နှိပ်လိုက်ပါ။

Add New Post ဆိုတဲ့ စာသားရဲ့ အောက်က box ထဲမှာ Enter title here ဆိုတဲ့ စာသားကို တွေ့ရပါလိမ့်မယ်။ အဲဒီနေရာမှာ ပို့စ်အတွက် ခေါင်းစဉ်ကို ရေးပေးရပါမယ်။ သူ့အောက်က box ကြီးထဲမှာတော့ ကိုယ်ရေးချင်တဲ့ စာသား တစ်နည်းအားဖြင့် စာကိုယ်လို့ ပြောလို့ရမလားပဲ။ အဲ့ဒီစာတွေကို ရေးပေးရပါမယ်။ လောလောဆယ် ရိုးရိုးစာသားများ အနေနဲ့သာ ရေးပေးလိုက်ပါ။ နောက်တော့မှ ပုံထည့်တာ၊ စာသားပုံစံ ပြောင်းတာ၊ လင့်ထည့်တာတွေကို ရေးပေးသွားပါမယ်။

အထက်က ခေါင်းစဉ်ရော အောက်က စာသားရောပါ ရေးပြီးသွားရင် ညာဖက်အခြမ်းကို ကြည့်လိုက်ပါ။ Publish ဆိုတဲ့ အပြာရောင် button ကို တွေ့ပါလိမ့်မယ်။ အဲဒီ button ကတော့ အားလုံး ပြီးရင် နှိပ်ရမယ့် button ပဲ ဖြစ်ပါတယ်။ ဒါကို မနှိပ်ခင် အဲဒီ button ရဲ့အောက်မှာ Catagories ဆိုတာကို တွေ့ပါလိမ့်မယ်။ အဲဒီထဲမှာ Uncatagory ကို ခေါက်လေး ခြစ်ထားပါလိမ့်မယ်။

ကျနော်တို့ အနေနဲ့ Category အသစ် မဆောက်ရသေးတဲ့အတွက် သူ့ရဲ့ dafault category ကိုသာ တွေ့ရတာ ဖြစ်ပါတယ်။ Category တွေ တည်ဆောက်ပြီးသွားတဲ့အခါ အဲဒီထဲမှာ သက်ဆိုင်ရာ Category ကို ရွေးပေးရမှာပဲ ဖြစ်ပါတယ်။ အခုတော့ ဒီအတိုင်းပဲ ထားလိုက်ပါ။

Category အောက်ကို သွားလိုက်ရင် Tags ဆိုတာကို တွေ့ပါလိမ့်မယ်။ အဲဒီနေရာကတော့ ကိုယ့်ပို့စ်နဲ့ ပတ်သက်တဲ့ စာသားလေးကို ထည့်ပေးရတဲ့ နေရာလို့ အလွယ်တကူ မှတ်သားနိုင်ပါတယ်။ ဥပမာ ကျနော့်ပို့စ်က ဘဝအကြောင်းကို ရေးထားတဲ့ ပို့စ်ဆိုပါစို့။ ဒါဆို ကျနော်က အဲဒီ Tags အောက်က box ထဲမှာ ဘဝအကြောင်း ဒါမှမဟုတ် ဘဝ ဆိုတာကို ရေးပြီး သူ့ဘေးက add ကို နှိပ်လိုက်မှာပါ။

ထားပါတော့။ ကျနော်တို့ ပို့စ်ကို အစမ်းတင်ကြည့်တာ ဖြစ်တဲ့အတွက် ရေးချင်တာ ရေးပြီးရင် Publish ဆိုတဲ့ button ကို နှိပ်လိုက်ပါ။ ဒီအခါ WordPress က Loading လုပ်သွားပြီး နောက်စာမျက်နှာတစ်ခုကို ရောက်သွားပါတယ်။ အဲဒီမှာ ကိုယ်တင်လိုက်တဲ့ ပို့စ်ကို ညာဖက်အခြမ်းမှာ ဖော်ပြပေးထားပြီး ဘယ်ဘက်အခြမ်းထဲမှာတော့ Edit Post နဲ့ New Post ဆိုတဲ့ button နှစ်ခုကို တွေ့ရပါလိမ့်မယ်။

Edit Post ဆိုတာက ကျနော်တို့ တင်လိုက်တဲ့ ပို့စ်ကို ပြန်ပြင်မယ်လို့ ဆိုလိုတာဖြစ်ပြီး New Post ကတော့ နောက်ထပ် ပို့စ်အသစ် တင်မယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ အဲဒီထဲက ဘာလိုပဲ နှိပ်နှိပ် ပြဿနာ သိပ်မရှိပါဘူး။ ဘာမှ မနှိပ်ဘဲနဲ့ ပိတ်လိုက်လည်း ကျနော်တို့ တင်လိုက်တဲ့ပို့စ်က ကျနော်တို့ ဘလော့ဂ် တက်နေပြီပဲ ဖြစ်ပါတယ်။

ဒီပို့စ်ကို ဘလော့ဂ်မှာ ကြည့်ဖို့အတွက် ကိုယ့်ရဲ့ ဘလော့ဂ် address ကို ရိုက်ထည့်ပြီး သွားရောက် ကြည့်ရှုနိုင်ပါတယ်။ အကယ်၍ ကိုယ့်ဘလော့ဂ်က ဖွင့်ပြီးသားဆိုရင် ဘလော့ဂ်ကို Refresh လုပ်လိုက်ပါ။ ဒါဆို ကျနော်တို့ အစမ်းတင်လိုက်တဲ့ ပို့စ်ကို မြင်ရမှာပဲ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် ကိုယ့်ရဲ့ WordPress Blog မှာ ပို့စ်အသစ် ဘယ်လို တင်ရမယ်ဆိုတာ သိသွားလောက်ပါပြီ။ နောက်တစ်ပို့စ်ကျမှပဲ Category အသစ်တစ်ခု ဘယ်လို တည်ဆောက်ရမယ်၊ ပို့စ်ထဲက စာသားတွေကို ဘယ်လို ပုံစံ ပြောင်းလဲမယ် ဆိုတာတွေကို ပြောပြပေးသွားပါမယ်။

Do@domyanmar.wordpress.com

Comment Here

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s