WordPress တွင် Category အသစ်ဆောက်နည်း


WordPress တွင် Category အသစ်ဆောက်နည်း

Category ကို ကျနော် နားလည်သလောက် ပြောရရင် သိုလှောင်ရာ နေရာ၊ ကဏ္ဍ တစ်ခုလို့ ပြောလို့ ရနိုင်ပါတယ်။ ကျနော်တို့က Blog ထဲကို ပို့စ်တွေ အများကြီး ရေးကြပါမယ်။ ဒီအခါ ရေးသားတဲ့ ပို့စ်တွေကို ဆိုင်ရာကဏ္ဍ တွေထဲကို ထည့်သွင်းထားရင် သက်ဆိုင်ရာကဏ္ဍအလိုက် ရှာဖွေလို့ လွယ်နိုင်ပါတယ်။ Blog ကို လာရောက် ဖတ်မယ့် သူတွေလည်း ကြိုက်နှစ်သက်ရာ ကဏ္ဍကို လွယ်လင့်တကူ ရှာဖွေ ဖတ်ရှုနိုင်ပါမယ်။

ဒါကြောင့် ရေးသားတဲ့ ပို့စ်တွေကို ဆိုင်ရာနေရာတွေမှာ ထည့်သွင်းထားဖို့ လိုအပ်ပါတယ်။ ဥပမာအားဖြင့် ကျနော်တို့ တည်ဆောက်မယ့် Blog ထဲမှာ ဓါတ်ပုံတွေလည်း ထည့်မယ်၊ ဟာသစာတွေလည်း ထည့်မယ်၊ သတင်းတွေကိုလည်း တင်မယ်ဆိုပါစို့။ ဒါဆို ကျနော်တို့က ဆိုင်ရာကဏ္ဍ (၃) ခုခွဲထားရပါမယ်။ (ဓာတ်ပုံ၊ ဟာသ၊ သတင်း) ဆိုတဲ့ ကဏ္ဍတွေ ပေါ့နော်။

ဓာတ်ပုံဆိုတဲ့ ကဏ္ဍတဲ့မှာ ဓာတ်ပုံတင်တဲ့အခါ ထည့်သွင်းမယ်။ ဟာသ တင်တဲ့အခါ ဟာသ ကဏ္ဍထဲမှာ ထည့်မယ်။ သတင်းပို့စ်တွေ တင်တဲ့အခါ သတင်း ဆိုတဲ့ ကဏ္ဍထဲမှာ ထည့်ထားမယ် ဆိုရင် ဟာသ ဖတ်ချင်သူက ဟာသကဏ္ဍ၊ ဓာတ်ပုံ ကြည့်ချင်သူက ဓာတ်ပုံကဏ္ဍ၊ သတင်းဖတ်ချင်သူက သတင်းကဏ္ဍ တွေကို သီးသန့် ဖတ်နိုင်ပါပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ပြုလုပ်ဖို့အတွက် ပို့စ်တွေကို သူ့အကန့်နဲ့သူ ထည့်သွင်းနိုင်တဲ့ နေရာတစ်ခုလို့ ပြောနိုင်တဲ့ Category တွေကို ခွဲထားပေးရပါမယ်။

WordPress မှာ default အားဖြင့် Category တစ်ခုကို ပေးထားပါတယ်။ Uncatagorized ပဲ ဖြစ်ပါတယ်။ အဲဒီ Category ကို ဖျက်ပစ်လို့တော့ မရပါဘူး။ ဒါကြောင့် အဲဒီ Category ကို နာမည်ပြင်ပြီး ထားရပါတယ်။ အဲဒီလို နာမည် ပြင်ဖို့အတွက် ပထမဆုံး Dashboard အောက်က Posts ပေါ်ကို မောက်လေး တင်လိုက်ပါ။ ဒါဆို ညာဖက်အခြမ်းမှာ All Posts, News, Categories, Tags ဆိုပြီး ပြပေးပါလိမ့်မယ်။ အဲဒီထဲကမှ Catagories ကို နှိပ်လိုက်ပါ။

Catagories နေရာကို ရောက်သွားရင် Category အသစ် ထည့်ဖို့ကို အရင် ပြောလိုက်ပါမယ်။ Category အသစ် ထည့်ဖို့အတွက် Add New Category အောက်က Name ထဲမှာ ကိုယ်အသစ်ထည့်မယ့် Category နာမည်ကို ရေးပေးပါ (ဥပမာ – ဟာသ) ။ ပြီးသွားရင် အောက်ဆုံးနားမှာ Add New Category ဆိုတဲ့ button လေးကို တွေ့ရပါလိမ့်မယ်။ နှိပ်လိုက်ပါ။ ဒါဆို ကျနော်တို့ အနေနဲ့ “ဟာသ” ဆိုတဲ့ Category တစ်ခု တည်ဆောက်လို့ ပြီးသွားပါပြီ။

မူလ Category ဖြစ်တဲ့ Uncatagorized ကို ပြင်ဖို့အတွက် အဲဒီ စာသားပေါ်ကို မောက်လေး တင်လိုက်ပါ။ ဒါဆို စာသားရဲ့အောက်မှာ Edit | Quick Edit | View ဆိုပြီး ပေါ်လာပါလိမ့်မယ်။ ကျနော်တို့က နာမည်ပြောင်းမှာ ဖြစ်တဲ့အတွက် Edit ကို နှိပ်လိုက်ပါ။

Edit Category ဆိုတဲ့ နေရာကို ရောက်သွားရင် Name ရဲ့ဘေးက box ထဲမှာ ရှိတဲ့ Uncatagorized ကို ကိုယ်ပေးချင်တဲ့ နာမည် ပြောင်းလိုက်ပါ (ဥပမာ – ဓါတ်ပုံများ) ။ သူ့အောက်က Slug ထဲမှာတော့ အပေါ်က ကိုယ်ပေးထားခဲ့ နာမည် (ဓါတ်ပုံများ) အတိုင်း ရေးပေးချင် ရေးပေးပါ။ ဘာမှ မထည့်ဘဲ ဒီအတိုင်းထားခဲ့လည်း ပြဿနာ မရှိပါဘူး။ ပြင်ပြီးရင်တော့ အောက်နားက button ကို နှိပ်လိုက်ပါ။ ဒါဆို Uncatagorized ကနေ ဓါတ်ပုံများ အဖြစ်ကို ပြောင်းလဲသွားတာ တွေ့ရပါလိမ့်မယ်။

ပို့စ်တင်တဲ့အခါ Category ရွေးပေးရမယ့် အကြောင်းကိုတော့ “WordPress Post တင်နည်း” မှာ ပြောခဲ့ပါတယ်။ အဲဒီမှာ ပို့စ်နဲ့ သက်ဆိုင်တဲ့ Category ကို ရွေးပေါ်ပြီး တင်လိုက်ပါ။ နောက်တစ်ချက် ပြောစရာရှိတာက ပို့စ်တစ်ပုဒ်မှ မထည့်ရသေးတဲ့ Category တွေဟာ Blog ပေါ်မှာ မပေါ်ပါဘူး။ ကိုယ်က Category အသစ် ဆောက်ထားပေမယ့် ဘလော့ဂ်ပေါ်မှာ မပေါ်ဘူးဆိုရင် ဒါဟာ အဲဒီ Category ထဲ ပို့စ် မရှိသေးလို့ပဲ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင်ဖြင့် လိုအပ်တဲ့ Category တွေကို တည်ဆောက်တတ်သွားပါပြီ။ နောက်တစ်ပို့စ်မှာတော့ Pages အသစ် တည်ဆောက်ခြင်းနဲ့ ပတ်သက်ပြီး ပြောပေးသွားမါမယ်။

Do@domyanmar.wordpress.com

Comment Here

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s