WordPress တွင် Page အသစ် တည်ဆောက်နည်း


WordPress တွင် Page အသစ် တည်ဆောက်နည်း

Page ဆိုတော့ စာမျက်နှာ တစ်ခုပေါ့။ စာအုပ်တစ်အုပ်မှာ ၁၊ ၂၊ ၃၊ ၄ စသည်ဖြင့် စာမျက်နှာပေါင်း များစွာ ပါပါတယ်။ ကျနော်တို့ အင်တာနက် စာမျက်နှာတစ်ခုဖြစ်တဲ့ Blog မှာလည်း စာမျက်နှာတွေကို ထည့်သွင်းလို့ ရစေပါတယ်။ သို့ပေမယ့်လို့လည်း စာအုပ်မှာပါတဲ့ စာမျက်နှာတွေလိုတော့ဖြင့် အများကြီး မဟုတ်ပါဘူး။

ဥပမာအားဖြင့် ကျနော်က ကျနော့်ရဲ့ Blog မှာ ကျနော့်ရဲ့ ကိုယ်ရေးအကျဉ်းကို တစ်နေရာမှာ သီးသန့်ပြချင်တယ် ဆိုပါစို့။ ဒီလို ပြုလုပ်ဖို့အတွက် Post အနေနဲ့ တင်ပြီး ပြတာထက်စာရင် သီးသန့် စာမျက်နှာတစ်ခုဖွင့်ပြီး ပြတာက ပိုပြီး အဆင်ပြေစေပါတယ်။ ဒါကြောင့် ကျနော်က About ဆိုတဲ့ စာမျက်နှာ အသစ်တစ်ခုကို တည်ဆောက်ပြီး မိမိရဲ့ ကိုယ်ရေးအကျဉ်းကို သီးသန့် ဖော်ပြလိုက်ပါမယ်။

အဲဒီလို Page (စာမျက်နှာ) အသစ်တစ်ခု ဆောက်ဖို့အတွက်ဆိုရင် ပထမဆုံးအနေနဲ့ Dashboard ကို သွားလိုက်ပါ။ Dashboard ရဲ့ ဘယ်ဘက်အခြမ်းမှာ WordPress ရဲ့ Menu တွေကို တွေ့ရပါလိမ့်မယ်။ အဲဒီထဲကမှ Pages ဆိုတဲ့ menu လေးပေါ်ကို mouse တင်ကြည့်လိုက်ပါ။ ဒါဆို All Pages နဲ့ Add New ဆိုပြီး ပေါ်လာပါလိမ့်မယ်။

Page အသစ် တည်ဆောက်ဖို့အတွက် ဒီနေရာကို အရင်သွားပါ

All Pages ဆိုတာက ကိုယ့်ရဲ့ Blog မှာ ရှိပြီးသား Page တွေကို ကြည့်ဖို့အတွက် ဖြစ်ပြီး Add New ကတော့ Page အသစ် တည်ဆောက်ဖို့ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခုရှိတာက WordPress Blog မှာ Sample Page ဆိုပြီး page တစ်ခု ပါပြီးသား ဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ အဲဒီ Sample Page ကို ပြင်ဆင်လို့လည်း ရနိုင်သလို အသစ် တည်ဆောက်လို့လည်း ရပါတယ်။

ပထမဆုံး အနေနဲ့ကတော့ page အသစ် တည်ဆောက်ကြည့်ကြရအောင်။ အသစ်တည်ဆောက်ဖို့ဆိုရင် Add New ကို နှိပ်လိုက်ပါ။ ဒါဆိုရင် Post တင်သလိုမျိုး ပေါ်လာပါလိမ့်မယ်။ အဲဒီထဲက ခေါင်းစဉ်နေရာမှာ ကိုယ်ပေးချင်တဲ့ page ရဲ့ ခေါင်းစဉ်ကို ရေးပါ။ အောက်က box ကြီးထဲမှာတော့ အဲဒီ page ထဲမှာ ပေါ်ချင်တဲ့ စာသား၊ ပုံ စတာတွေကို ထည့်ပါ။

ဥပမာ – ကျနော်က ကိုယ့်ရဲ့ ကိုယ်ရေးအကျဉ်းကို အသစ်ဆောက်မှာဖြစ်လို့ ခေါင်းစဉ်ထည့်ရမယ့် နေရာမှာ About လို့ ပေးလိုက်ပါမယ်။ ပြီးတော့ အောက်က box ကြီးထဲမှာတော့ ကိုယ့်ရဲ့ အကြောင်းကို ရေးထည့်လိုက်ပါမယ်။

ပြီးသွားပြီ ဆိုရင်တော့ဖြင့် ညာဖက်အခြမ်းက အပြာရောင် button ဖြစ်တဲ့ Publish ကို နှိပ်လိုက်ပါ။ ဒါဆိုရင် ကျနော်တို့အနေနဲ့ Page အသစ် တည်ဆောက်လို့ ပြီးသွားပါပြီ။ အကယ်၍ ကျနော်တို့က အသစ်တည်ဆောက်ထားတဲ့ page ကို အခြား တည်ဆောက်ပြီးသား page ရဲ့အောက်မှာ ထားချင်တယ်ဆိုပါစို့။ ဒါဆိုရင် Publish မလုပ်ခင်မှာ အဲဒီ button အောက်နားမှာရှိတဲ့ Parent ဆိုတဲ့ နေရာမှာ တည်ဆောက်ပြီး page တစ်ခုကို ရွေးပေးရပါမယ်။ ပြီးမှ Publish လုပ်လိုက်ပါ။

တည်ဆောက်ပြီး Page တွေကို ပြင်ဆင် ဖြည့်စွက်တာတွေ လုပ်ဖို့အတွက်ဆိုရင် All Pages ကိုသွားပါ။ ပြီးရင် ကိုယ်ပြင်ဆင် ဖြည့်စွက်ချင်တဲ့ page ပေါ်ကို mouse လေး တင်လိုက်ပါ။ ဒီအခါမှာ အောက်မှာ စာတန်းလေး ပေါ်လာပါလိမ့်မယ်။ အဲဒီထဲကမှ Edit ဆိုတာလေးကို နှိပ်လိုက်ပါ။ ပြင်ဆင်၊ ဖြည့်စွက်ပြီးသွားရင်တော့ ညာဖက်အခြမ်းက Update ဆိုတဲ့ အပြာရောင် button ကို နှိပ်လိုက်ပါ။

ကိုယ့်ဘလော့ဂ်ထဲရှိတဲ့ Page အားလုံး ကြည့်ဖို့ဆိုရင်

ဒီလောက်ဆိုရင်ဖြင့် Page အသစ် ဆောက်တာ၊ ပြင်ဆင်တာတွေကို စမ်းကြည့်လို့ ရသွားပါပြီ။
Do@domyanmar.wordpress.com

Comment Here

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s