အင်တာနက်ပေါ်မှာ ပုံရှာနည်း – ၁


 

အင်တာနက်ပေါ်မှာ ပုံရှာနည်း – ၁

အင်တာနက်တစ်ခွင်မှာ ပုံတွေပေါင်း မြောက်မြားစွာ ရှိပါတယ်။ တစ်ခါတစ်ခါ အင်တာနက် သုံးနေရင်းနဲ့ အမှတ်မထင် ကိုယ်ကြိုက်တဲ့ ပုံလေးတွေ တွေ့လို့ရှိရင် ကွန်ပျူတာထဲကို ကူးယူပြီး သိမ်းထားလိုက်တယ်။ အဲ့ဒီပုံကို ပြန်သုံးချင်တဲ့ အခါမျိုးမှာ ကွန်ပျူတာထဲက ပုံလေးကိုပဲ Upload တင်ပြီး ပြန်သုံးလိုက်ပါတယ်။ ဒါက ကျနော်တို့ဆီ အင်တာနက်ပေါ်က ပုံကို ယူပြီး ပြန်သုံးတဲ့ လမ်းစဉ်ပါပဲ။

ပုံတွေရဲ့ Size ကလည်း အမျိုးမျိုးပါပဲ။ အချို့သော ပုံတွေရဲ့ ဆိုက်ဟာ သေးငယ်ပြီး၊ အချို့ပုံတွေကတော့ဖြင့် ဆိုက်ကြီးပါတယ်။ ကိုယ့်ဆီမှာ ရှိတဲ့ ပုံဆိုက်က သေးသေးလေးပဲ ရှိတယ်။ ကိုယ် လိုချင်တာက ဆိုက်အကြီးကို လိုချင်တယ် ဆိုပါစို့။ ဒါဆို ပုံတွေကို ပြင်ဆင်လို့ ရတဲ့ ဆော့ဖ်ဝဲတွေထဲမှာ ဆွဲချဲ့လိုက်ရင် ဖြစ်တာပဲလို့ မပြောပါနဲ့။ ဒီလိုဆိုရင် ပုံရဲ့ ဆိုက်ကတော့ ကြီးသွားမယ်။ ဒါပေမယ့် သူ့ရဲ့ အရည်အသွေး Resolution ကတော့ ဝါး နေပါလိမ့်မယ်။

ကိုယ့်မှာ ရှိတဲ့ ပုံကို သုံးပြီးတော့ အင်တာနက်ပေါ်မှာ ပုံဆိုက်ကြီးတာတွေကို ရှာဖွေနိုင်ပါတယ်။ အဓိက အနေနဲ့ အင်တာနက်ပေါ်မှာ ပုံတွေရှာတဲ့ အခါမှာ Google ရဲ့ Image Search ကို အသုံးပြုကြပါတယ်။ Google ရဲ့ Image Search မှာ ဘာတွေ အားသာချက် ရှိလဲဆိုရင် ပုံတွေရဲ့ ဆိုက်အမျိုးမျိုးကို ရွေးချယ်ပြီး ရှာနိုင်တယ်။ ပြီးတော့ နေ့ရက် သတ်မှတ်ပြီးတော့လည်း ရှာဖွေနိုင်ပါသေးတယ်။

Google Image Search ကို သွားဖို့အတွက် http://www.google.com ကို သွားပြီး ပုံမှာ ပြထားတဲ့အတိုင်း Images ကို နှိပ်ပါ။

ဒါကတော့ Google ရဲ့ Images Search ပဲ ဖြစ်ပါတယ်။

Google’s Image Search ရဲ့ Box ကြီးထဲမှာ ကိုယ် ရှာချင်တဲ့ ပုံကို ရိုက်ထည့်ပြီး ရှာနိုင်ပါတယ်။ ဥပမာအားဖြင့် ကျနော်က ဘောလုံး တစ်လုံးရဲ့ ပုံကို ရှာချင်တယ်ဆိုပါစို့ ဒါဆို ကျနော့်အနေနဲ့ အဲ့ဒီ box ထဲမှာ football ဒါမှ မဟုတ် ball ဆိုတဲ့ စာလုံးတွေကို ရိုက်ထည့်ပြီး ရှာလိုက်ပါမယ်။ ဒါဆိုရင်တော့ Google ကနေ ဘောလုံးနဲ့ ဆိုင်တဲ့ ပုံတွေကို ဖော်ပြပေးပါလိမ့်မယ်။ ဒီလိုနဲ့ ကိုယ် ရှာချင်တဲ့ ပုံတွေကို ဆိုင်ရာစာသားတွေ (keywords) တွေ ရိုက်ထည့်ပြီး ရှာနိုင်ပါတယ်။

 

Google ရဲ့ Search Box ထဲမှာ fotball ဆိုတဲ့ keyword ထည့်ပြီး ရှာပုံပါ။

ပေါ်လာတဲ့ ပုံတွေထဲမှာ ပုံရဲ့ ဆိုက်အမျိုးမျိုး ပါရှိပါတယ်။ ဒီပုံတွေထဲကမှ ကိုယ်က ပုံဆိုက် ကြီးတာကိုပဲ ရှာချင်တယ်ဆိုရင်တော့ ပုံတွေရဲ့ ဘယ်ဘက်အခြမ်းမှာ ရှိတဲ့ Any Size ရဲ့ အောက်မှာ Large ဆိုတာကို နှိပ်ပါ။ ဒါဆိုရင်တော့ဖြင့် ပုံဆိုက် ကြီးတာတွေကိုပဲ ပြပေးပါလိမ့်မယ်။ အဲ့ဒီထဲကမှ ကိုယ်နှစ်သက်ရာကို ကလစ်နှိပ်၊ ဖွင့်ကြည့်ပြီး ယူလိုက်ရုံပါပဲ။ Any Size ရဲ့ အောက်မှာပဲ ကိုယ်လိုချင်တဲ့ Medium, icon, Larger Than စသည်ဖြင့် နှိပ်ပြီး ကိုယ်လိုချင်တဲ့ ပုံဆိုက်တွေကို ရှာဖွေနိုင်ပါတယ်။

ဒါကတော့ ရွေးချယ်ပြီး ရှာနိုင်တဲ့ နေရာတွေပဲ ဖြစ်ပါတယ်။

ပြီးတော့ Any Size အပြင် Any Color, Any Time တို့ရဲ့ အောက်မှာလည်း ကိုယ်လိုချင်တဲ့ ပုံရဲ့ အရောင်တွေ၊ ဘယ်အချိန်အတွင်းမှာ တင်ထားတဲ့ ပုံတွေ စသည်ဖြင့် ရှာနိုင်ပါသေးတယ်။

 

Do@domyanmar.wordpress.com

 

 

 

 

Comment Here

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s