Blog ခေါင်းစီးနှင့် Blog Description အား ပြောင်းလဲခြင်း


Blog ခေါင်းစီးနှင့် Blog Description အား ပြောင်းလဲခြင်း

ကျနော်တို့ WordPress နဲ့ Free Blog တစ်ခု စတင် တည်ဆောက်တဲ့အခါမှာ Blog ရဲ့ ခေါင်းစီးကတော့ ကိုယ်ပေးထားတဲ့ နာမည်အတိုင်း ရှိနေတတ်ပေမယ့် အဲ့ဒီ ခေါင်းစီးရဲ့ အောက်က စာသားကတော့ဖြင့် အခြား နမူနာ ပေးထားတဲ့ စာကြောင်းပဲ ရှိနေတတ်ပါတယ်။

ဒါကို ပြင်ဖို့အတွက် ကျနော်တို့ရဲ့ Admin Area ဖြစ်တဲ့ WordPress Dashboard ကို အရင်သွားလိုက်ပါ။ အဲ့ဒီမှာ Settings ဆိုတာကို တွေ့ပါလိမ့်မယ်။ Settings ပေါ်ကို မောက်လေး တင်လိုက်ရင် General, Writing, Reading စသည်ဖြင့် တွေ့ရပါလိမ့်မယ်။ General ကိုသာ နှိပ်လိုက်ပါ။

General ထဲ ဝင်ပြီးသွားပြီဆိုရင် အပေါ်ဆုံးမှာ Site Title ဆိုတာကို တွေ့ပါလိမ့်မယ်။ အဲ့ဒီထဲမှာ ဖြည့်တဲ့စာတွေက ကိုယ့် Blog ရဲ့ ခေါင်းစီး စာသားအဖြစ် ပေါ်မှာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အောက်မှာတော့ Tagline ဆိုတာကို တွေ့ပါလိမ့်မယ်။ အဲ့ဒီထဲ ဖြည့်တဲ့စာသားတွေကတော့ ခေါင်းစီးရဲ့ အောက်မှာ ပေါ်တဲ့ စာသားတွေပဲ ဖြစ်ပါတယ်။ ဒီနေရာ နှစ်ခုမှာ ကိုယ့် စိတ်ကြိုက် ပြင်ဆင်နိုင်ပါတယ်။

အားလုံး ပြင်ဆင်ပြီးသွားရင်တော့ အောက်ဆုံးနားက Save Changes ဆိုတာကို နှိပ်လိုက်ပါ။ ပြီးရင် ကိုယ့် Blog ကို Refresh (F5) ပြန်လုပ်ကြည့်လိုက်ပါ။ ကိုယ်ပြင်ထားတဲ့အတိုင်း ပြောင်းလဲသွားတာကို တွေ့ရပါလိမ့်မယ်။

 

Do@domyanmar.wordpress.com

Comment Here

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s