WordPress Sidebar ပြုပြင်နည်း


WordPress Sidebar ပြုပြင်နည်း

Sidebar ကို WordPress မှာတော့ Widget လို့လည်း ခေါ်ပါတယ်။ ကိုယ့်ရဲ့ Blog မှာ sidebar ပါခြင်း၊ မပါခြင်းဟာလည်း WordPress ရဲ့ Theme နဲ့လည်း သက်ဆိုင်ပါတယ်။ အချို့သော WordPress ရဲ့ Theme တွေမှာ sidebar ကို ဖျောက်ထားတွေလည်း ရှိတတ်ပါတယ်။

ဒီနေရာမှာ ကျနော်အနေနဲ့ကတော့ အဲဒီ sidebar ကို ပြုပြင်နည်းလေးပါပဲ။ ဒီလို လုပ်ဖို့အတွက် ကျနော်တို့ရဲ့ Admin ဧရိယာ ဖြစ်တဲ့ Dashboard ကို သွားလိုက်ပါ။ ဘယ်ဘက်အခြမ်းမှာ Appearance ဆိုတာ တွေ့ပါလိမ့်မယ်။ mouse လေး တင်ကြည့်လိုက်ပါ။ ဒါဆို Appearance ရဲ့ ညာဖက်အခြမ်းမှာ Themes, Widgets စသည်ဖြင့် ပေါ်လာပါလိမ့်မယ်။ အဲဒီထဲကမှ Widgets ဆိုတာကို နှိပ်လိုက်ပါ။

ဒီနေရာကို အရင်သွားပါ။

Widgets ကို ရောက်ပြီဆိုရင် Available Widgets ရယ်၊ Sidebar ဆိုတာရယ်ကို တွေ့ပါလိမ့်မယ်။ Sidebar ထဲမှာ လက်ရှိ ပြထားတာတွေက ကိုယ့် Blog ရဲ့ ဘေးအခြမ်း sidebar ပေါ့ဗျာ၊ အဲ့ဒီမှာ ပေါ်နေပါတယ်။ ဒီနေရာမှာ နမူနာအနေနဲ့ ပြောရရင် ကျနော်တို့က ပြက္ခဒိန် (Calendar) ကို Sidebar မှာ ထည့်ထားချင်တယ် ဆိုပါစို့။ ဒါဆိုရင် Available Widgets အောက်မှာ Calendar ဆိုတာကို ရှာ၊ ပြီးရင် Mouse နဲ့ နှိပ်ဆွဲပြီး Sidebar အောက်ကို ပို့လိုက်ရုံပါပဲ။ ပြီးသွားရင် ကိုယ့်ရဲ့ Blog ကို Refresh (F5) လုပ်ကြည့်လိုက်ပါ။ Calendar ပေါ်လာတာကို တွေ့ရပါလိမ့်မယ်။

ကိုယ်ထည့်ချင်တာကို Sidebar အောက် ဆွဲထည့်ပါ။

Sidebar မှာရော Sidebar အောက်ကဟာတွေရဲ့ ညာဖက်အခြမ်းနားမှာ အောက်မြှားပုံစံငယ်လေးတွေကို တွေ့ပါလိမ့်မယ်။ ဒါကတော့ ဖော်ဖို့၊ ဖျောက်ဖို့အတွက် သုံးတာပါ။ ပြီးတော့ ကျနော်တို့က မလိုအပ်တဲ့ အရာတွေကို Sidebar ကနေ ဖြုတ်ထားရင်တယ်ဆိုပါစို့။ ဒါဆိုရင် သူ့ရဲ့ သက်ဆိုင်ရာ အောက်က Delete ဆိုတာလေးကို နှိပ်ပြီး လွယ်လင့်တကူ ဖြုတ်ထားလိုက်လို့ ရပါတယ်။

Sidebar ထဲကနေ ပြန်ဖျက်ချင်ရင်

Sidebar မှာ သိထားရမှာကတော့ဖြင့် ထည့်ချင်ရင် Available Widgets အောက်က ကိုယ်ထည့်ချင်တာကို Sidebar အောက် မောက်နဲ့ ဆွဲပြီး ထည့်လိုက်ဖို့နဲ့၊ ပြန်ဖျက်ချင်ရင် Sidebar အောက်က ကိုယ်ဖျက်ချင်တာကို delete ဆိုတာ လုပ်လိုက်ဖို့ပါပဲ။

ဒီလောက်ဆိုရင် Sidebar အသုံးပြုဖို့ လုံလောက်ပါပြီ။ ကိုယ်ကိုယ်တိုင် အသုံးပြုကြည့်လိုက်ရင် ပိုပြီး သိလာပါလိမ့်မယ်။ ကျနော့် အနေနဲ့က tip ပေးတယ် ဆိုတဲ့ သဘောပါပဲ။

Do@domyanmar.wordpress.com

Comment Here

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s