WP ပို့စ်အတွင်း ပုံနှင့် ဗီဒီယိုများ ထည့်သွင်းနည်း


ဒီပို့စ်ကတော့ ကျနော့်တို့အနေနဲ့ ကိုယ့်ရဲ့ ဘလော့ဂ်ပို့စ်တွေထဲမှာ ပုံတွေ၊ ဗီဒီယိုတွေ ထည့်သွင်းချင်တဲ့ အခါမျိုးမှာ ပြုလုပ်ရမယ့် နည်းလမ်းပဲ ဖြစ်ပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ ဘလော့ဂ် ပို့စ်ထဲမှာ ပုံတွေ ထည့်သွင်းခြင်းဟာလည်း ကြည့်ချင်၊ ဖတ်ချင်တဲ့ စိတ်ကို ပိုပြီး ဖြစ်စေနိုင်သလို၊ ကိုယ့်ရဲ့ပို့စ်ကိုလည်း အသက်ဝင်စေနိုင်ပါတယ်။

ပထမဆုံး အနေနဲ့ ပို့စ်တင်တဲ့ နေရာကို သွားတဲ့အတိုင်းပဲ Posts -> Add New ကိုသွားပါ။ ရောက်သွားပြီဆိုရင် ကိုယ်တင်မယ့် ပို့စ်ခေါင်းစဉ်၊ ပို့စ်စာသားတွေကို အရင်ဆုံးရေးပါ။ ပြီးမှ ပုံတွေကို ဆိုင်ရာနေရာတွေမှာ လိုက်ထည့်ကြတာပေါ့။

အားလုံး ရေးပြီးသွားရင် ကိုယ် ပုံထည့်ချင်တဲ့ နေရာမှာ မောက်လေး တစ်ချက် နှိပ်လိုက်ပါ။ ပြီးရင် ပို့စ်ခေါင်းစဉ် ထည့်တဲ့အောက် ခပ်လှမ်းလှမ်းက ကင်မရာ ပုံစံလေးကို နှိပ်လိုက်ပါ။

Pic-1

ဒီအခါ Loading လုပ်ပြီး Box ကြီးတစ်ခု ပေါ်လာပါလိမ့်မယ်။ အကယ်၍ အင်တာနက် ကွန်နက်ရှင် နှေးနေတယ်ဆိုရင်တော့ဖြင့် Loading လုပ်တာ ကြာနေပါလိမ့်မယ်။ ဒီအခါမျိုးမှာ ကိုယ့်က ပုံမထည့်ချင်တော့ဘူး ဆိုရင်၊ ဒါမှ မဟုတ် ထပ်ပြီး ပြန်လုပ်ချင်ရင် ကိုယ် စာတွေရေးထားတဲ့ Box ပေါ်ကို ကလစ်တစ်ချက် နှိပ်လိုက်ပါ။ Loading လုပ်တာ ပျောက်သွားပါလိမ့်မယ်။ ဒါက ကွန်နက်ရှင် နှေးနေချိန်မှာ ဖြစ်တတ်တာကို ပြောတာပါ။

Pic-2

ထားပါတော့။ Box ကြီးပေါ်လာပြီ ဆိုပါစို့။ Drop Files Here ဆိုတဲ့ Dotted Box ကြီးကို တွေ့ရပါလိမ့်မယ်။ ဒါကတော့ ကိုယ့်ကွန်ပျူတာထဲက ပုံတွေကို ထည့်ရမယ့် နေရာပါ။ ကိုယ့်ထည့်ချင်တဲ့ ပုံကို မောက်နဲ့ဖိအားပြီး အဲ့ဒီ အကွက်ထဲကို ဆွဲထည့်လိုက်ပါ။ ဒါဆို သူက upload လုပ်သွားပါလိမ့်မယ်။ အကယ်၍ ကိုယ်က ဒီလိုမျိုး ပုံတင်တာကို မနှစ်သက်ဘူးဆိုရင် Drop Files Here ရဲ့အောက်က Select Files ဆိုတာလေးကို နှိပ်ပြီး ပုံကို ရွေးပေးလိုက်ပါ။

ကျနော်တို့ ထည့်လိုက်တဲ့ပုံကို upload လုပ်ပြီးသွားရင် အောက်မှာ နမူနာပုံနဲ့ တကွ ပြသပေးပါတယ်။ ပုံအောက်မှာ စာထည့်ချင်ရင် Caption ဆိုတာရဲ့ ဘေးက box ထဲမှာ ပုံအောက် ကိုယ်ထားချင်တဲ့ စာကို ရေးပေးပါ။ ကျနော်ကတော့ နမူနာအနေနဲ့ My Test Image လို့ ရေးလိုက်ပါတယ်။

Pic-3

ပြီးတော့ အောက်က Alignment ဆိုတဲ့ နေရာမှာ ကိုယ်က ပုံကို ဘယ်နေရာမှာ ပေါ်စေချင်တာလဲ ဆိုတာကို ရွေးပေးပါ။ ပေါ်ချင်ရာပေါ်ဆိုရင် None ၊ ဘယ်ဘက်ဆိုရင် Left ၊ အလယ်မှာ ပေါ်ချင်ရင် Center ၊ ညာဖက်မှာ ပေါ်ချင်ရင် Right ကို ရွေးပေးပါ။

Pic-4

အောက်က Size ဆိုတဲ့ နေရာမှာတော့ ပုံရဲ့ ဆိုက်ကို ရွေးပေးရပါတယ်။ ကိုယ်က ပုံကို ဆိုက်အပြည့် ထည့်ချင်တာဆိုရင်တော့ Full Size ကိုသာ ရွေးပေးပါ။ အားလုံးပြီးသွားရင် Insert Into Post ဆိုတာကို နှိပ်လိုက်ပါ။

Pic-5

ကျနော်တို့က အင်တာနက်မှာ ရှိပြီးသားပုံကို ထည့်သွင်းချင်တယ် ဆိုရင်တော့ ပထမဆုံး အနေနဲ့ ကိုယ်ထည့်ချင်တဲ့ အင်တာနက်ပေါ်က ပုံရဲ့ လင့်ခ်ကို ယူထားပါ။ ပုံရဲ့ လင့်ခ်ကို ယူချင်ရင် ပုံပေါ်ကို Right-Click ထောက်၊ Copy Image Location, Copy Image URL ဆိုတာကို နှိပ်လိုက်ပါ။ ဒါဆို ပုံရဲ့ လင့်ခ်ကို ကော်ပီယူခြင်း ကိစ္စ ပြီးပါပြီ။ ပြီးသွားရင် စောစောက အဆင့်တွေအတိုင်း သွားပါ။ ပုံကို ဆွဲထည့်ရမယ့် နေရာကို ရောက်ရင် အပေါ်နားမှာ From URL ဆိုတာကို တွေ့ပါလိမ့်မယ်။ နှိပ်လိုက်ပါ။

Pic-6

Pic-7

URL ဆိုတဲ့ နေရာမှာ ကိုယ်ယူထားတဲ့ လင့်ခ်ကို paste လုပ်ပြီး ထည့်လိုက်ပါ။ ပြီးသွားရင် စောစောကအတိုင်းပဲ ပုံအောက်မှာ စာပေါ်ဖို့၊ ပုံကို နေရာထားဖို့ကို ရွေးချယ်ပေးပါ။ ပုံရဲ့ URL နေရာမှာ ထည့်လိုက်တဲ့အခါ အစိမ်းရောင် ခေါက်လေး ခြစ်ထားတာဆိုရင် ပုံရဲ့လင့်ခ်က ထည့်လို့ ရတဲ့ပုံ ဖြစ်ပြီး အနီရောင် ကြက်ခြေခတ် ပြထားတာ ဆိုရင်တော့ ဒီလင့်ခ်က ထည့်လို့ မရတဲ့ လင့်ခ်ပဲ ဖြစ်ပါတယ်။ ဒါကတော့ အင်တာနက်ပေါ်က ပုံကို ထည့်ချင်တဲ့ အခါမျိုးမှာ သုံးတာပါ။

Pic-8

ဗီဒီယို ထည့်ချင်တဲ့ အခါမျိုးမှာဆိုရင် အဲ့ဒီ From URL ဆိုတဲ့ နေရာကနေပဲ သွားထည့်ရပါမယ်။ အဲဒီကို ရောက်ရင် Image ဆိုတဲ့ နောက်က Audio, Video, or Other File ရှေ့က အဝိုင်းလေးကို တစ်ချက် နှိပ်လိုက်ပါ။ ဒီအခါ ပေါ်လာတဲ့ URL ဘေးက အကွက်ထဲမှာ စောစောကလိုပဲ (ဒီတစ်ခါ ဗီဒီယိုရဲ့လင့်ပေါ့) ထည့်ပေးလိုက်ပါ။ ပြီးရင် Insert Into Post ဆိုတာကို နှိပ်လိုက်ပါ။

ဒီလောက်ဆိုရင် ကိုယ့်ဘလော့ဂ်ပို့စ်ထဲကို ပုံ၊ ဗီဒီယိုတွေ ထည့်ကြည့်ဖို့ အဆင်ပြေလောက်ပါပြီ။

Do@domyanmar.wordpress.com

Comment Here