Myanmar E-books

  အမျိုးအစား : Ebooks Download Site လိပ်စာ : http://www.myanmarebooks.net/ ရှင်းလင်းချက် : မြန်မာ Ebooks များအား Free Download ရယူနိုင်သည့် ဆိုက်တစ်ခုပင် ဖြစ်ပါသည်။ အားသာချက် အနေဖြင့် စာအုပ်များအား အမြည်းသဘောမျိုး ဖတ်ရှုနိုင်စေရန် Book Reviews ထည့်သွင်းထားခြင်းပင် ဖြစ်ပါသည်။ Facebook : https://www.facebook.com/myanmarebooks.net  

တောင်းပန်စာ

ဟုတ်ကဲ့ …..။ တောင်းပန်စာပါ …..။ ကျနော် ဘလော့ဂ် လောကနဲ့ ဝေးကွာနေခဲ့တာ ၁ နှစ်ကျော် ရှိနေပါပြီ။ အခုမှ ပြန်ပြီး ခြေဦးလှည့်နိုင်ခဲ့တာပါ။ ဒီအချိန်မှာ ကျနော့် ဘလော့ဂ်လေးကို ပြန်မြင်တွေ့ရတော့ ကွန်မန့်တွေနဲ့ဆိုတော့ တကယ်ပဲ ဝမ်းသာမိပါတယ်။ ဒီလို ဖြစ်ရတာဟာ မိတ်ဆွေတို့ကြောင့်ပါ။ ကျေးဇူး အထူးပဲ တင်ရှိပါတယ်။ အချို့အချို့ မေးထားတာ ပြုထားတာတွေ တွေ့ရပြန်တော့ အားနာမိပြန်ပါတယ်။ ဒီအတွက်လည်း တောင်းပန်ပါတယ်။ အခုကစပြီး တတ်စွမ်းသမျှ ပြန်ပြီး တင်ပေးသွားပါ့မယ် ခင်ဗျာ။ လာရောက်ကာ အားပေးကြတဲ့ မိတ်ဆွေအပေါင်းကို ကျနော်က အထူးပဲ ကျေးဇူးတင်ရှိပါတယ် ဆိုတဲ့အကြောင်းလည်း ပြောလိုက်ပါရစေခင်ဗျာ။   + MgDo

Blogs Collection

Blogs Collection

၁။ နည်းပညာ Blog များ ၂။ Ebooks ဒေါင်းလုပ် Blog များ ၃။ မိုဘိုင်းဖုန်းနှင့် ပတ်သက်သော Blog များ

WP ပို့စ်အတွင်း ပုံနှင့် ဗီဒီယိုများ ထည့်သွင်းနည်း

WP ပို့စ်အတွင်း ပုံနှင့် ဗီဒီယိုများ ထည့်သွင်းနည်း

ဒီပို့စ်ကတော့ ကျနော့်တို့အနေနဲ့ ကိုယ့်ရဲ့ ဘလော့ဂ်ပို့စ်တွေထဲမှာ ပုံတွေ၊ ဗီဒီယိုတွေ ထည့်သွင်းချင်တဲ့ အခါမျိုးမှာ ပြုလုပ်ရမယ့် နည်းလမ်းပဲ ဖြစ်ပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ ဘလော့ဂ် ပို့စ်ထဲမှာ ပုံတွေ ထည့်သွင်းခြင်းဟာလည်း ကြည့်ချင်၊ ဖတ်ချင်တဲ့ စိတ်ကို ပိုပြီး ဖြစ်စေနိုင်သလို၊ ကိုယ့်ရဲ့ပို့စ်ကိုလည်း အသက်ဝင်စေနိုင်ပါတယ်။ ပထမဆုံး အနေနဲ့ ပို့စ်တင်တဲ့ နေရာကို သွားတဲ့အတိုင်းပဲ Posts -> Add New ကိုသွားပါ။ ရောက်သွားပြီဆိုရင် ကိုယ်တင်မယ့် ပို့စ်ခေါင်းစဉ်၊ ပို့စ်စာသားတွေကို အရင်ဆုံးရေးပါ။ ပြီးမှ ပုံတွေကို ဆိုင်ရာနေရာတွေမှာ လိုက်ထည့်ကြတာပေါ့။ အားလုံး ရေးပြီးသွားရင် ကိုယ် ပုံထည့်ချင်တဲ့ နေရာမှာ မောက်လေး တစ်ချက် နှိပ်လိုက်ပါ။ ပြီးရင် ပို့စ်ခေါင်းစဉ် ထည့်တဲ့အောက် ခပ်လှမ်းလှမ်းက … Continue reading

HTML 5 အသုံးပြုထားသည့် အကောင်းဆုံး Website များ

HTML 5 အသုံးပြုထားသည့် အကောင်းဆုံး Website များ

1. Thewildernessdowntown.com 2. http://www.ro.me/ 3. Universeries 4. Agent 008 Ball 5. This Shell 6. Ben the Bodyguard 7. Art of the Stars 8. Lost World’s Fair 9. Toyota Prius project 10. Rumpetroll ပုံများ မမြင်ရသေးပါက ပေးထားတဲ့ လင့်ခ်ပေါ်ကို ကလစ်နှိပ်ပြီး သွားရောက် ကြည့်ရှုကြပါ … Source : http://www.ebizmba.com

Blog ခေါင်းစီးနှင့် Blog Description အား ပြောင်းလဲခြင်း

Blog ခေါင်းစီးနှင့် Blog Description အား ပြောင်းလဲခြင်း

ကျနော်တို့ WordPress နဲ့ Free Blog တစ်ခု စတင် တည်ဆောက်တဲ့အခါမှာ Blog ရဲ့ ခေါင်းစီးကတော့ ကိုယ်ပေးထားတဲ့ နာမည်အတိုင်း ရှိနေတတ်ပေမယ့် အဲ့ဒီ ခေါင်းစီးရဲ့ အောက်က စာသားကတော့ဖြင့် အခြား နမူနာ ပေးထားတဲ့ စာကြောင်းပဲ ရှိနေတတ်ပါတယ်။ ဒါကို ပြင်ဖို့အတွက် ကျနော်တို့ရဲ့ Admin Area ဖြစ်တဲ့ WordPress Dashboard ကို အရင်သွားလိုက်ပါ။ အဲ့ဒီမှာ Settings ဆိုတာကို တွေ့ပါလိမ့်မယ်။ Settings ပေါ်ကို မောက်လေး တင်လိုက်ရင် General, Writing, Reading စသည်ဖြင့် တွေ့ရပါလိမ့်မယ်။ General ကိုသာ နှိပ်လိုက်ပါ။ General ထဲ ဝင်ပြီးသွားပြီဆိုရင် အပေါ်ဆုံးမှာ Site Title … Continue reading

WordPress Sidebar ပြုပြင်နည်း

WordPress Sidebar ပြုပြင်နည်း

Sidebar ကို WordPress မှာတော့ Widget လို့လည်း ခေါ်ပါတယ်။ ကိုယ့်ရဲ့ Blog မှာ sidebar ပါခြင်း၊ မပါခြင်းဟာလည်း WordPress ရဲ့ Theme နဲ့လည်း သက်ဆိုင်ပါတယ်။ အချို့သော WordPress ရဲ့ Theme တွေမှာ sidebar ကို ဖျောက်ထားတွေလည်း ရှိတတ်ပါတယ်။ ဒီနေရာမှာ ကျနော်အနေနဲ့ကတော့ အဲဒီ sidebar ကို ပြုပြင်နည်းလေးပါပဲ။ ဒီလို လုပ်ဖို့အတွက် ကျနော်တို့ရဲ့ Admin ဧရိယာ ဖြစ်တဲ့ Dashboard ကို သွားလိုက်ပါ။ ဘယ်ဘက်အခြမ်းမှာ Appearance ဆိုတာ တွေ့ပါလိမ့်မယ်။ mouse လေး တင်ကြည့်လိုက်ပါ။ ဒါဆို Appearance ရဲ့ ညာဖက်အခြမ်းမှာ Themes, Widgets … Continue reading

Blogger နှင့် Free Blog တစ်ခု ဆောက်နည်း

Blogger နှင့် Free Blog တစ်ခု ဆောက်နည်း

အင်တာနက်ပေါ်မှာ Free Blog တည်ဆောက်ခွင့်ပေးတဲ့ ဝက်ဘ်ဆိုက်ပေါင်း များစွာ ရှိသလို၊ Free Blog တည်ဆောက်ပြီး ကိုယ်သိထားတာ၊ တတ်ထားတာလေးတွေကို ပြန်လည် မျှဝေနေသူပေါင်းလည်း များစွာရှိပါတယ်။ အဲဒီလို Free Blog တည်ဆောက်ခွင့် ပေးတဲ့ ဝက်ဘ်ဆိုက်တွေထဲမှာတော့ WordPress နဲ့ Blogger ဟာ ထိပ်ဆုံးမှာ ရှိနေပါတယ်။ ဒီထဲကမှ Blogger နဲ့ Free Blog တည်ဆောက်နည်းကို ပြောပေးပါမယ်။ WordPress နဲ့ တည်ဆောက်နည်းကိုတော့ ကျနော့်ရဲ့ ဒုတိယ ပို့စ်မှာတင် ပြောခဲ့ပြီးသွားပါပြီ။ xxxxx.blogspot.com ဆိုတဲ့ အင်တာနက် စာမျက်နှာတွေကို တွေ့ဖူးကြလိမ့်မယ် ထင်ပါတယ်။ ဒီ Address တွေကတော့ ကမ္ဘာကျော် Search အင်ဂျင်ကြီး Google ရဲ့ … Continue reading

Facebook တွင် Page ဆောက်နည်း

Facebook တွင် Page ဆောက်နည်း

Facebook မှာ အကောင့်ဆောက်နည်းကို ပြောခဲ့ပြီးပါပြီ။ အခုဟာကတော့ Facebook မှာ သီးသန့်စာမျက်နှာတစ်ခု (page) ဆောက်နည်းပါပဲ။ သီးသန့် စာမျက်နှာတစ်ခု …။ ဥပမာ – ကျနော်တို့က ရီစရာ ဟာသလေးတွေကို တစ်နေရာတည်းမှာ စုစုစည်းစည်းနဲ့ ဖော်ပြချင်တယ် ဆိုရင် သက်ဆိုင်ရာ ခေါင်းစီးလေးတစ်ခုနဲ့ သီးသန့် စာမျက်နှာတစ်ခုကို တည်ဆောက်လို့ ရနိုင်ပါတယ်။ စီးပွားရေး လုပ်ငန်းတစ်ခု ဆိုပါစို့။ ဒါဆို သူ့ရဲ့ ထုတ်ကုန်ပစ္စည်းတွေကို သီးသန့်စာမျက်နှာလေး ဖွင့်ပြီး တင်ထားနိုင်ပါတယ်။ အဲ့ဒီ စာမျက်နှာကို ကိုယ်တစ်ယောက်တည်း ရေးနိုင်သလို၊ သူငယ်ချင်းတွေနဲ့ စုပေါင်းပြီး ရေးသားနိုင်ပါတယ်။ ကျနော်တို့ မြန်မာပြည်ရဲ့ နာမည်ကျော် ဂျာနယ်တစ်ခုဖြစ်တဲ့ Eleven ကလည်း သူ့ရဲ့ စာမျက်နှာကို ဖေ့ဘွတ်ခ်မှာ တင်ထားပါတယ်။ အဲ့ဒီမှာ … Continue reading

Facebook Account တစ်ခု ဆောက်နည်း

Facebook Account တစ်ခု ဆောက်နည်း

Facebook ဆိုတာ ကမ္ဘာကျော် လူမှုကွန်ရက် ဝက်ဘ်ဆိုက်ကြီးပဲ ဖြစ်ပါတယ်။ ယခု ၂၀၁၂ ခုနှစ်၊ သြဂုတ်လအထိဆိုရင် ကမ္ဘာတစ်လွှား Facebook အသုံးပြုသူပေါင်းဟာ သန်း ၉၀၀ ဝန်းကျင်အထိ ရှိလာပါပြီ။ Facebook ကို တုပဖို့အတွက် ကမ္ဘာကျော် Search Engine ကြီး Google ကလည်း Google+ ဆိုပြီး လူမှုကွန်ရက် ဆိုက်တစ်ခုကို တည်ထောင်ထားပါတယ်။ ဒါပေမယ့်လို့လည်း Google+ ကိုတော့ ကျနော်တို့ မြန်မာတွေ အနေနဲ့ အသုံးပြုမှု နည်းနေပါသေးတယ်။ Facebook မှာ ဘာတွေ လုပ်လို့ရသလဲ …? ဒီမေးခွန်းအတွက်ဆိုရင် အဖြေတွေက အများကြီး ရနိုင်ပါတယ်။ ပေါက်ကွဲတတ်တဲ့ လူငယ်အရွယ်တွေအတွက် ကိုယ့်ရဲ့ ဖီလင်တွေကို ကိုယ့်ရဲ့ သူငယ်ချင်းတွေကို ဖွင့်ဟပြောပြနိုင်မယ်။ … Continue reading